ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအား ဆန်၊ ဆီ ပေးအပ်ပွဲတက်ရောက်၊ နွေရာသီအားကစားသင်တန်းနှင့် သစ်တောဦးစီးဌာနပျိုးခြံအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ် မတ်လတွင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုမည့်(Grade-12)ကျောင်းသား၊ ကျောင်းသူများအား ပူတာအိုစာစစ်ဌာနအား အ.ထ.က(ပူတာအို)ကျောင်း၊ မချမ်းဘောစာစစ်ဌာနအား အ.ထ.က(လေယာဉ်ကွင်း)ကျောင်း၊ နောင်မွန်စာစစ်ဌာနအား အ.ထ.က(ဒုတ္ထန်)ကျောင်းတွင် Camp သွင်းလေ့ကျင့်မည်ဖြစ်၍ စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အလှူရှင်များ၏လှူဒါန်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခများမှ Face to Face သင်ကြားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများအား မေလ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ သတ်မှတ်နေရာ အသီးသီးတွင် တက္ကသိုလ်ပါမောက္ခများက Face to Face သင်ကြားပေးလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ နမ္မတီးမြို့ရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအား ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များပေးအပ်ပြီး၊ ယာယီနေအိမ်များ ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ ဝင်/ထွက်သွားလာရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၇)နာရီက မြစ်ကြီးနားမြို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့၌ တက္ကသိုလ်ပါမောက္ခများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား Face to face သင်ကြားပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Grade 12 ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခများမှ Face to Face သင်ကြားပို့ချခြင်းကို အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီတွင်ပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အကြိမ်(၃၀)မြောက် အသံမစဲ ကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှစတင်၍ (၉)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ စတင်၍ (၉)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၊ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းနှင့်အတူ ယမန်နေ့ ညနေ (၃) နာရီက ခရိုင်လမ်းဦးစီးဌာန ရိပ်သာအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

ပူတာအိုခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade-12) ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်ပြန်လည်အပ်နှံခြင်းအခမ်းအနားကျင်းပ

၂၀၂၅-ခုနှစ် မတ်လတွင် စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် ၂၈-၃-၂၀၂၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် (Grade-12) ကျောင်းသား၊ ကျောင်းသူ များအား ပုံနှိပ်စာအုပ်ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ဧပြီ(၂၈)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအား Revision ပြန်လည်သင်ကြားရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revis-ion ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေးပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်း မြေနေရာ အပါအဝင် တိုးချဲ့ကွက်သစ်မြေ ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး အတွက် အလှူငွေများ ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်