မိုးညှင်းခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုးညှင်း အောက်တိုဘာ ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင်ကျင်းပလျက်ရှိသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကိုကျင်းပရာတွင် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ လူမှုဘဝတိုးတက်ရေးစာဖတ်ရှိန်ကိုမြှင့်တင်ပေး ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၄)ဦးတို့က အသီးသီးပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် မူးယစ်ဆေးဝါအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစသောအကြောင်းအရာများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့်အတူ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များကို ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကစိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း