မချမ်းဘော၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများ သိရှိစေရန်ရည်ရွယ်၍ Youth Club အသင်းဝင်များနှင့်ပူးပေါင်းကာ စာဖတ်ဝိုင်းကို မေ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။