ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း၊ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ကာကွယ် နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်၌ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောက်စီရေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီး(ရေကြည်ရပ်ကွက်)အတွင်း မြစ်ရေမြင့်တက်လာပါက အစောဆုံးရေဝင်ရောက်လေ့ရှိသည့် ရေကြည်ချောင်းပေါက်နေရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကျယ်(၈)ပေ၊ အမြင့် (၈)ပေရှိ တံခါး (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ်ရေထိန်းတံခါးတည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စီမံကိန်းဧရိယာအတွင်း ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် Block နေရာများအတွက် သံဆင်ခြင်း၊ အစားထိုးမြေနေရာဖို့ခြင်းလုပ်ငန်း များအပါအဝင် ချောင်းဟောင်းနေရာ မြေသားတမံပိတ်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ သွား/လာမှု အဆင်ပြေစေရေး ယာယီချောင်းကူးသစ်သားတံတားသစ် တည်ဆောက်ထားရှိအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရှမ်းစုရပ်ကွက် အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုလ် ကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ ကမ်းထိန်းလုပ်ငန်းစီမံကိန်းသို့ သွား ရောက်ပြီး ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်ရှိ အင်ဂျန်းခချောင်းပေါက်နေရာ ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသည့် အကျယ် (၈)ပေ၊ အမြင့် (၁၂)ရှိ ရေတံခါး (၃)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ် ရေထိန်းတံခါးတည်ဆောက်ရေး လုပ်ငန်းစီမံကိန်းနေရာသို့ သွားရောက်ခဲ့ကြပြီး စက်ယန္တရာကြီးများဖြင့် Apron သံကူကွန်ကရစ်လောင်းခြင်း၊ အောက်ခံကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ရေထိန်းတံခါး အုတ်မြစ်တူးခြင်းလုပ်ငန်းများအပါအ ဝင် ရေလွှဲမြောင်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုး ရာကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲကို မနောကွင်း မဂျွယ်ခန်းမ၌ လည်းကောင်း၊ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း ရိုးရာယဉ်ကျေးမှုစုံလင်စွာဖြင့်၊ အနှစ်သာရပြည့်ဝစွာကျင်းပမည်ဖြစ်ရာ သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ မြို့နယ်စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် မြစ်ကြီးနားမြို့ သာသနာဗိမ္မာန်တော်ကြီး၌ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့က ကြီးမှူးကျင်းပလျက်ရှိသော အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး  အောက်တိုဘာ(၂၀)ရက်မှ (၃၀)ရက်အထိ ကျင်းပခဲ့သော ဆုရဝတ်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်း‌ပေးကြသည့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဘောလုံးကွင်း၌ နိုဝင်ဘာ ၂ ရက်က စတင်ကျင်းပသော တိုင်းရင်းသားရေးရာဝန်ကြီး ဖလား၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအဖြစ် ကွာတားဖိုင် နယ်ပွဲစဉ်များအဖြစ် လာချိဒ်နှင့် တိုင်းလိုင်မျိုးနွယ်စု ဘောလုံးအသင်းတို့အ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံဘောလုံးအား ကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု D လိုင်စင်နည်းပြသင်တန်းအတွက် သင်တန်းဆင်းပွဲသို့ တက် ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ် တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်