မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ကော်မရှင်အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာထုတ်ပြန်နိုင်ရေး စိစစ်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)