ပူတာအို ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့နှင့်အတူ ယမန်နေ့ညနေပိုင်းက မန်းရတနာပုံ လေကြောင်းလိုင်းဖြင့် ပူတာအိုမြို့သို့ ရောက်ရှိလာရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့်တာဝန်ရှိသူများသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများကပ်ထားကြေညာမှုများအား ပြည်သူများလာရောက်ကြည့်ရှုမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့လုံးစွတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့ဖြင့် မိတ္တူတစ်စုံထုတ်ယူ၍ ဒီဇင်ဘာ(၁၈)ရက်မှ(၂၂)ရက်နေ့အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပူးပေါင်းစိစစ် ခဲ့ကြပြီး အတည်ပြုမဲစာရင်းကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)