မချမ်းဘော၌ တတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မဲစာရင်းများထုတ်ပေး

မချမ်းဘော ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းများကိုရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကနှင့် အတွင်းရေးမှူးများထံသို့ ဆန္ဒမဲစာရင်းများ ထုတ်ပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက် နေ့မွန်းလွဲ ၂ နာရီကမြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါမဲစာရင်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဂျွန်ရှင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သေချာစွာ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယောရွေနီ (မချမ်းဘော)