ကချင်ပြည်နယ်

တနိုင်းမြို့နယ် Community Centre တွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား/သူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခွဲက ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာများ တိုက်ကျွေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကလေးငယ်များအား အာဟာရဖြည့် အစားအစာတိုက်ကျွေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က အဆိုပါနေရာ ကျောင်းများ၌ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့၌(၁)နှစ်အောက်ကလေးငယ်များအားကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၁)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီက ဆွမ်ပရဘွမ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နေကြာသီးနှံ လျာထားချက် ဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ‌ဒေသဝမ်းစာဖူလုံရေးအပြင် ဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ လျာထားချက်ပြည့်မီအောင် သိပ္ပံနည်းတကျ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပ​ဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာသုံးရွာသို့ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့သီရိမင်္ဂလာ မဏိဇေယျူံကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် သီရိမင်္ဂလာ မဏိဇေယျုံ ကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအရ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဟောပြောခြင်းနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ကံ့ကော်မြိုင်ကျေးရွာရှိ သာသနာ့ပါလ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့နယ် Community Center ၌ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ (Community Center) ၌ ယနေ့ မွန်းတည့် ၁၂ နာရီခွဲက ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်ပြပွဲ ကျင်းခဲ့သည်။

ဆဒုံးမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး (TALK SHOW) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်၍ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ TALK SHOW ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်၊၊
Subscribe to ကချင်ပြည်နယ်