တနိုင်းမြို့နယ် Community Center ၌ စာအုပ်စာစောင်ပြပွဲ ကျင်းပ

တနိုင်း ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာ (Community Center) ၌ ယနေ့ မွန်းတည့် ၁၂ နာရီခွဲက ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်ပြပွဲ ကျင်းခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား ကျောင်းသူများ အားလပ်ချိန်အတွင်း စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ၏ အကျိုးကျေးဇူးများကိုသိရှိပြီး အမှား အမှန်များ ပိုင်ခြား‌ဝေဖန်တတ်စေရန် သုတ၊ ရသစာအုပ်များအား ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုပြီး ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို တာဝန်ရှိဝန်ထမ်းများက စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။  

ပန်းအိ (ပြန်/ဆက်)