ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်းထောက်အဖွဲ့မှ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် မလွန်ဈေးဆန်လှူအသင်း၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက မိုးညှင်းမြို့ စိမ်းရတနာမွန် တောင်ရပ်ကွက်ရှိ အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်၏ နေအိမ်၌ ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ ဒေသဖွံ့ဖြိုး ရေး ကိစ္စရပ်များဆောင်ရွက်ပေးနိုင်ရေး စစ်ကြောင်းကြီး (၅) ကြောင်းအသွင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဩောက်ဒိဒ် ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းတွေ့ဆုံခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေး ကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းနယ်သတ်မှတ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ငြိမ်းချမ်းမြေခန်းမ‌ဆောင်၌ မြို့တွင်းလမ်းနယ် သတ်မှတ်ရေးညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်၍ ပထမအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ ပါဝင် ဆင်နွှဲခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ်စည်ပင်သာယာ(မြို့မ‌)ဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်စည်ပင်သာယာ(မြို့မ)ဈေး၌ မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်၀င်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နည်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရန် ဌာဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက ဆွမ်ပရာဘွမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေရေး ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက​ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကန်ပိုက်တီမြို့ အထိမ်းအမှတ်ကျောက်သားဆိုင်းဘုတ်စိုက်ထူရန်ပန္နက်တင်မင်္ဂလာအခမ်း အနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တွင် မြို့ဂုဏ်ကျက်သရေတင့်တယ်လာစေရန် နှင့် မြို့အင်္ဂါရပ်များနှင့်အညီ သာယာဖွံ့ဖြိုးတိုးတက်၍ ထာဝရတည်တံ့ခိုင်မြဲစေရန် ကျောက်သား ဆိုင်းဘုတ် စိုက်ထူရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) ရပ်ကွက် တွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်