ဖားကန့်မြို့သီရိမင်္ဂလာ မဏိဇေယျူံကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲ ကျင်းပ

ဖားကန့် ဒီဇင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် သီရိမင်္ဂလာ မဏိဇေယျုံ ကျောင်းတိုက်တွင် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ကြပြီး မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ 

ထို့နောက် စာမေးပွဲကို မွန်းလွဲ ၁ နာရီတွင် စတင်ဖြေဆိုခဲ့ကြပြီး မြို့နယ်အတွင်းမှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ် (အမျိုးသား/ အမျိုးသမီး) စုစုပေါင်း (၃၂၅) ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲအား ဒီဇင်ဘာလ ၅ ရက်မှ ၆ ရက်အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ဝိနယာနုဂ္ဂဟ စာမေးပွဲကျင်းပနိုင်ရေး ကော်မတီမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)