မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအရ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဟောပြောခြင်းနှင့် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ကံ့ကော်မြိုင်ကျေးရွာရှိ သာသနာ့ပါလ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇင်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးတင်လှကြည်က မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအရည်အချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုဇယား ပုံစံ (၆၆/၆) မပြုလုပ်ရသေးသည့် အိမ်ထောင်စု များအား အိမ်ထောင်စုဇယားပြုလုပ်ပေးခြင်း၊ ယခုလည်း ဒေသခံပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား ဟောင်းနွမ်းနေမှု၊ ပျက်ဆီးပျောက်ဆုံးမှုများအား ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဖြူဖြူသန့်က ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး၊ အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းက ဒေသတွင်း တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသတွင်းနေပြည်သူများအနေဖြင့် တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဖျက်အမှောက်လုပ်ငန်းများကြောင့် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနိုင်ပြီး အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင် ရန် သံသယရှိသူများတွေ့ရှိပါက တာဝန်ရှိသူများထံဆက်သွယ် သတင်းပေးပို့ ကြစေ လိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံသေးသူများနှင့် အကြိမ် ပြည့်ထိုးနှံပြီးသော်လည်း အပိုဆောင်းကာကွယ်ဆေးထိုးနှံလိုသူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကာ တွေ့ဆုံပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ပလနကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ အင်အား(၂၀၀)ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

မြို့နယ်