တနိုင်း ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား/သူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲသို့လာရောက် ယှဉ်ပြိုင်ကျသော မူလတန်းအဆင့်ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက ကျောင်းသား/ သူများအား အသိပညာဗဟုသုတနှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကာယဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် "ထိုင်ခုံလုဂိမ်းကစား" ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)