ဆဒုံးမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး (TALK SHOW) ကျင်းပ

ဆဒုံး ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်၍ လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ TALK SHOW ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်၊၊

ဆွေးနွေးပွဲတွင် ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ခင်မာဝင်း က လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဒေါ်ညွန့်ရွှေ(ရုပ်သံ-၃)က လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများနှင့် လမ်းလျှောက်မှုပုံစံများကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်၊၊

ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာပေ အသိပညာနှင့် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့်အသိပညာပေး TALK SHOW ဆွေးနွေးပွဲများ၊ ပြည်သူများအကျိုးရှိစေမည့် ပြည်သူအသိပညာပေး ဝန်ဆောင်မှု လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

ခင်မာဝင်း(ပြန်/ဆက်)