မံစီ ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးနိုးဆော်ခဲ့ကြသည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် သတိဖြင့်ကြိုတင်ပြင်ဆင်ကာ အရေးပေါ်မီးသတ် ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိစေရန် ရည်ရွယ်၍ ထိုသို့အသိပညာပေးနိုးဆော်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများကို အပတ်စဉ်တနင်္လာနေ့နှင့်သောကြာနေ့များတွင် ပုံမှန်ဆောင်ရွက်လျက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)