မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးလှိုင်စိုးက လူကုန်ကူးမှု/ လူမှောင်ခိုမှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ် သောင်းရွှေက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ခရိုင်(ပြန်/ဆက်)