ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီအကြောင်း သိကောင်းစရာTalk show ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)၌ ပြုလုပ်သည်။
ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က ရှင်းလင်း ပြောကြားသည်။
ထို့နောက်ဆွမ်ပရာဘွမ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်က ဆောင်းသီးနှံစိုက်ပျိုးရေးစနစ်တွင် နေရောင်ခြည်၊ အလင်းရောင်၊ အစိုဓာတ်၊ မြေဆီသြဇာနှင့် အချိန်အခါ၊ နေရာအရင်းအမြစ်များ၊ နည်းပညာရပ်များအား အသုံးပြု၍ အကောင်းဆုံး သီးနှံထွက်ရှိအောင် ဆောင်ရွက်ရန်၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်တိုးတက်အောင်ပြုလုပ်ခြင်း၊ နွေ၊ မိုး၊ ဆောင်းရာသီဥတု(၃)ခုတွင် ရာသီချိန်ကာလနှင့် ကိုက်ညီအောင် ကြိုတင်သတ်မှတ်ခြင်းများ ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်သည် ဒေသခံ တောင်သူများအနေဖြင့် ဆောင်းရာသီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ သီးနှံမျိုးစုံအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ ဒေသနှင့်ကိုက်ညီသော မြေသြဇာအချိုးကျသုံးစွဲ၍ စိုက်ပျိုးစနစ်မှန်ကန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
April moe(ဆွမ်ပရာဘွမ်)