အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူနေမှု အခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူနေမှု အခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ကျေးရွာများနှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။