ကန်ပိုက်တီ ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.ထ.က ကန်ပိုက်တီကျောင်း မေခခန်းမ၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အ.ထ.က ကန်ပိုက်တီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်နာယက ခမရ အမှတ်(၃၈၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် နာယက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးလှစိုးအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အတွင်း ကာယ၊ ဉာဏပြိုင်ပွဲများဖြစ်သည့် အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ အင်္ဂလိပ်စာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ မြန်မာစာ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခမရအမှတ် (၃၈၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အခမ်းအနားတွင် အ.ထ.က ကန်ပိုက်တီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ပါသည်။
မာလ (ကန်ပိုက်တီ)