အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူ‌နေမှု အ‌ခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၁၃

အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူ‌နေမှု အခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ကျေးရွာများနှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေး‌ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာတက်ရောက်သင်ကြားနေသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနှင့် အမှတ်(၁) ရပ်ကွက်တို့တွင် အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူ‌နေမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့သည်။

မြစ်ကြီးနားခရိုင်အတွင်းရှိ ‌အိမ်ထောင်စုပေါင်း (၈၈၆၇၄) စုအား မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူ‌သည့် အဖွဲ့ပေါင်း (၂၁၈)ဖွဲ့ဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့ထိ အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)