မိုးညှင်းခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မိုးကောင်းမြို့နယ် လူဦးရေစာရင်းမြေပြင် ကွင်းဆင်း ကောက်ယူနေမှုအား ကြီးကြပ်စစ်ဆေး

မိုးကောင်း ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်ရေးကော်မတီက မိုးကောင်းမြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့နှင့်ပူးပေါင်း၍  ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူနေမှုအား ယမန်နေ့ နံနက်(၉)နာရီတွင် ကွင်းဆင်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုးညှင်းခရိုင် ဦးစီးမှူး ဦးတင့်လွင်ဦး၊ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်သော မြို့နယ်လူဦးရေစာရင်း‌ မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့ဝင်များ လိုက်ပါလျက် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ  ပြည်သူများနှင့်အဆင်ပြေချောမွေ့စွာ လုပ်ငန်းများအောင်မြင်စွာ လုပ်ဆောင်နိုင်ရေးနှင့် လူဦးရေစာရင်းများ မထပ်စေရန် စနစ်တကျမှန်ကန်စွာ ဆောင်ရွက်စေရေးကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို သက်ဆိုင်ရာဌာနများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ဇန်နဝါရီ(၉)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)