မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ

မိုးကောင်း      ဇန်နဝါရီ        ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို မဉ္ဇူသကခန်းမ၌ ဇန်နဝါရီ(၁၃)ရက်နံနက် (၁၀)နာရီတွင်ကျင်းပသည်။

စုံညီပွဲတော်အခမ်းအနားကို Grade 8 ကျောင်းသားကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က ပညာရေးစုံညီပွဲတော် နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အထက(၁)ကျောင်းအုပ်ကြီး ဦးမြင့်ဝေက ကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ သင်္ချာစွမ်းရည်၊ အင်္ဂလိပ် စာစွမ်းရည်နှင့် အားကစားပြိုင်ပွဲတို့မှ ဆုရရှိသူများကို တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဆုအသီးသီးချီးမြှင့်ကြပြီး Grade 8 ကျောင်းသားကျောင်းသူများက “ဇာတိမာန် တေးသီချင်းဖြင့်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)