မိုးညှင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကားပြောကြားကာ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လှိုင်လှိုင်ဌေးက ပျိုရွယ်သူတို့၏ ကျန်းမာရေးဆိုင်ရာများ၊ လူငယ်လူရွယ်တို့၏ လူမှုဆက်ဆံရေးများ၊ မျိုးဆက်ပွားဆိုင်ရာ အင်္ဂါဖွံ့ဖြိုးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဟောပြောပြီး ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစိုးသန်းက သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး ခရိုင်ပြည်သူ့ဆေးရုံးမှ ဆေးရုံအုပ်ကြီးက မိုးညှင်းတက္ကသိုလ်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တက္ကသိုလ်မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း