မြစ်ကြီးနား ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောရွှေပြည်ခန်းမ၌ အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက မြို့နယ်အတွင်းအိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များအား ရှင်းလင်းတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးထွန်းနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)