ကချင်ပြည်နယ်ဝန်ကြီးချုပ် တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
ကချင်ပြည်နယ်အတွင်း တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။