မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ အခမဲ့ သင်တန်းများ စတင်ဖွင့်လှစ်

မြစ်ကြီးနား မတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်းဖြင့် အသိပညာအတတ်ပညာများ တိုးတတ်လာစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာအခမဲ့သင်တန်းများကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မတ် ၅ ရက် မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်သင်ကြား‌ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ သင်တန်းများ ဖွင့်လှစ်ရာတွင် ကွန်ပျူတာအခြေခံသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၆၇)ဦးတို့တက်‌ ရောက်လျက်ရှိသဖြင့် သင်တန်းသတ်မှတ်ရက်များတွင် အတန်းချိန် (၃)ချိန်ခွဲ၍ သင်ကြားပေးလျက်ရှိပြီး အလားတူအင်္ဂလိပ်စာသဒ္ဒါသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတို့က လည်းကောင်း၊ အင်္ဂလိပ်စာ 4 skills သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၀)ဦးတို့က လည်းကောင်း တက်ရောက်လျက်ရှိရာ သင်တန်းနည်းပြဆရာ/ ဆရာမ များက စာတွေ့/ လက်‌တွေ့ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းကလည်း အဆိုပါ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူ၊ လူငယ်/လူရွယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ အရုပ်ဆက် ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ပင်ပေါင်ဘောလုံးပစ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)