ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ရိုးရာမနောအက၊ ယဉ်ကျေးမှု ပဒေသာကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက၊ ယဉ်ကျေးမှုပဒေသာအကဖျော်ဖြေပွဲကို ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၂၃-ခုနှစ် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း)ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ကာမိုင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်‌ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်‌သော ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့တွင် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့ Community Centre ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနား၊ ပဉ္ဇမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကဗ္ဗည်းတိုင်နှင့် ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက် ၇ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှင်ဗွေယန်မြို့၌ (၇၆) နှစ်မြောက် ပြည်‌ထောင်စု‌နေ့အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့်ပုံပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့ အခြေခံပညာ‌ကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ဖေဖော်ဝါရီလ  ၁၀ ရက်နေ့နံနက် ၁၁ နာရီက  မူလတန်းလွန် -​ကောင်ဂျာကျောင်း၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံသရုပ်ပြပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲများကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Stone Garden ပန်းဥယျာဉ်ဖွင့်ပွဲ၊ ကိုယ်ခံပညာပေါင်းစုံ သရုပ်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်း ပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ် တောင်သူများသို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့၊ ပျိုးပင်နှင့် လုပ်ငန်းသုံးကိရိယာများနှင့် ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်တောင် သူများ သို့ ကော်ဖီ၊ မက္ကဒေးမီးယားမျိုးစေ့များ၊ ပျိုးပင်များ၊ နည်းပညာပေးစာအုပ်များ၊ စိုက်ပျိုးထုတ် လုပ်မှု လုပ်ငန်းသုံးကိရိယာ ထောက်ပံ့ပေးအပ်ပွဲနှင့် ပူတာအို‌‌ဒေသဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို နောင်နန်းရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေတို့ဖြင့် တည်ဆောက်သောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည်
Subscribe to ကချင်ပြည်နယ်