မိုးမောက် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ် တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက်(၁၀) နာရီ အချိန်မှ စတင်၍ မွန်းလွဲ(၂)နာရီအချိန်ထိ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၅၅.၃၀၀)ကျပ်သန်းဖြင့် မနောရွှေစံအိမ်ကုမ္ပဏီမှ တင်ဒါအောင်မြင်သော မိုးမောက်မြို့နယ်၊ ခုံဆင့်ကျေးရွာအုပ်စု၊ ခုံဆင့် ကျေးရွာဟောင်းတွင် ၄ လက်မစက်ရေတွင်းဂါလံ(၂၄၀၀)ဆံ့ တည်ဆောက်ခြင်းနှင့် ၂ လက်မ ရေဖြန့်ပိုက်(၂)မိုင် သွယ်တန်းခြင်းလုပ်ငန်း(၁၀၀)% ဆောင်ရွက်ပြီးစီး မှုအခြေအနေနှင့် ၎င်းကျေးရွာတွင် ပြည်နယ်ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် (၂၈၇.၂၀၀) သန်းဖြင့် ထက်မြက်ဟိန်း Group ကုမ္ပဏီမှ တင်ဒါအောင်မြင်သော တာပိန်ချောင်း ကမ်းပါး၊ ဘိလပ်မြေကျောက်စီမြေထိန်းနံရံ (၈၁၂)ပေ တည်ဆောက်ခြင်းလုပ်ငန်း (၅၀%) ဆောင်ရွက်ပြီးစီးမှု အခြေအနေ တို့အား သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများနှင့် အတူ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မှီစွာဖြင့် ဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်