ရှင်ဗွေယန်မြို့၌ (၇၆) နှစ်မြောက် ပြည်‌ထောင်စု‌နေ့အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ

ရှင်ဗွေယန် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့်ပုံပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ ရုပ်သံကျွမ်းကျင်-၃ အင်အားပြ ဦးရော့ဌေးနိုင်က ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား /ကျောင်းသူ(၁၅)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။     

အာနိုင်