၂၀၂၃-ခုနှစ် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း)ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းရင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပူတာအိုမြို့ နယ်(က)ဘောလုံးအသင်းနှင့် နောင်မွန်းမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပူတာအိုမြို့နယ် (က)ဘော လုံးအသင်းကနှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရဆုဖလားဆွတ်ခူးရရှိသည်။

ဆုချီးမြှင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပွဲစဉ်တစ်လျောက်အကောင်း ဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်က ဒုတိယဆုရ နောင်မွန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆု ခုနှစ်သိန်းကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ပထမဆုရ ပူတာအိုမြို့နယ် (က)ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု(၁၀)သိန်းနှင့် ပထမတံခွန်စိုက်ဒိုင်းကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ သုံးသောင်းကျပ်စီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းပေါင်းခြောက်သင်းတို့က ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)