ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကုတင် - ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ကုတင် - ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင်၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။