မိုးကောင်း မတ် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၃) ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁၄၃) ဦးက မတ်လ (၁၆) ရက် ပဉ္စမနေ့တွင် ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို အေးချမ်းစွာဖြေဆိုကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အတွင်း အ.ထ.က(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အ.ထ.က-ပင်းဘော စာစစ်ဌာနတို့ဖြင့် ဓာတုဗေဒဖြေဆိုသူစာရင်းရှိ ကျောင်းသား (၃၇၁) ဦး၊ ကျောင်းသူ (၆၅၇) ဦး အနက် ဖြေဆိုသူကျောင်းသား (၃၄၁) ဦး၊ ကျောင်းသူ (၆၃၇) ဦး၊ စုစုပေါင်း (၉၇၈) ဦးနှင့် ပထဝီဝင် ဘာသာရပ်ဖြေဆိုသူ စာရင်းရှိကျောင်းသား (၆၀) ဦး၊ ကျောင်းသူ (၁၁၄) ဦး စုစုပေါင်း (၁၇၄) ဦးအနက် ကျောင်းသား (၅၅) ဦး၊ ကျောင်းသူ (၁၁၀) ဦး စုစုပေါင်း (၁၆၅) ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၄ ဒဿမ ၈၃ ရှိကြောင်း သိရသည်။
စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြီးကြပ်ဆရာ၊ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး