ကချင်ပြည်နယ်

ရွှေကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတို့၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၆၇၈) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် ဓာတ်အားလိုင်း အပြည့်အဝ သုံးစွဲနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများနှင့် ထရန်စမော်များ တိုးချဲ့တပ်ဆင်ဆောင်ရွက်

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊    မိုးမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊  ကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်ဓာတ်အား    အပြည့်အဝသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းခြင်းလုပ်ငန်းများနှင့် ထရန်စမော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု  အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက မတ် ၆ ရက် ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မိုးမောက်မြို့၌မြို့နယ် ကြက်ခြေနီအသင်းနှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဗဟိုကြက်ခြေနီအသင်းရုံးချုပ်မှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် ပြည်နယ်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲကို မတ်လ ၇ ရက်နေ့ ညနေ၃နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုးမောက်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ၌ ကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရန်နှင့် ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနကျောင်းများအား ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀နာရီမှ ၁၂နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း (၇၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ စက်မူ၊စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်း ကျောင်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းတွင်ဆောင်လုပ်ရာ၌ (၇၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးကြောင်းသိရှိရပါသည်။

ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲပြုလုပ်

ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်မြတ်မုခ်ဦးအဝင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က (၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အ.ထ.က(၁) စာစစ်ဌာန၌ စာဖြေခန်းများ ပြင်ဆင်ထားရှိမှုတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ (၂/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၂/၂၀၂၃)လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုဒေသတွင် လက်ဖက်စိုက်ဧက(၄၀၀)ကျော်စိုက်ပျိုးပြီး ဖါ့ခါး (PAQ KA) အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ လက်ဖက်စိုက်ဧက (၄၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး လက်ဖက်ခြောက် အဓိကထုတ်လုပ်သည့် စက်ရုံတစ်ခုတည်းသာရှိရာ ၎င်းစက်ရုံမှ ထုတ်လုပ်သော လက်ဖက်ခြောက်များကို ဖါ့ခါး(PAQ KA) အမှတ်တံဆိပ်ဖြင့် ပူတာအိုခရိုင်အတွင်း အဓိကဖြန့်ဖြူးပေးလျက်ရှိကြောင်း ပူတာအို လက်ဖက် အသင်းအစုအဖွဲ့ ဥက္ကဋ္ဌ ဦးဆလွတ်ထဖေဝမ်ထံမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့(Community Centre)ခန်းမ၌မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်