မိုးမောက် မတ် ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဗဟိုကြက်ခြေနီအသင်းရုံးချုပ်မှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် ပြည်နယ်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များတွေ့ဆုံပွဲကို မတ်လ ၇ ရက်နေ့ ညနေ၃နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဗဟိုကြက်ခြေနီအသင်းရုံးချုပ်မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က မိုးမောက်မြို့နယ်သည် စီမံချက်မြို့ဖြစ်ပါသဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အရှိန်အဟုန်မပျက် ယခုထက် ပိုမိုကြိုးစား ဆောင်ရွက် ပေးနိုင်ပါရန်၊ ကြက်ခြေနီအသင်းမှ လှုပ်ရှားဆောင်ရွက်နေမှုများကို သိလိုကြောင်းနှင့် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လိုက်ပါလာသော အဖွဲ့ဝင်များအား မိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေက အသင်း၏ လိုအပ်ချက်များ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများ အချိန်မှီ ပေးပို့ရေးတို့ကို မှာကြားပြီး ဒေါက်တာကျော်ထူးမှ စီမံချက်မြို့ဖြစ်ပါသဖြင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ စီမံရေးဆွဲတင်ပြနိုင်ရေး ကိစ္စဆွေးနွေးခြင်း၊ မနှင်းနွယ်နွယ်မှ မိုင်းအန္တရာယ် ကင်းရှင်းရေး ကိစ္စဆွေးနွေးခြင်းများ အသီးသီး ဆွေးနွေးပြီးနောက် မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးလိုင်ကြူက လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်