ဆွမ်ပရာဘွမ်မြို့(Community Centre)ခန်းမ၌မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

ဆွမ်ပရာဘွမ်  မတ် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မုန့်လုပ်နည်းသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအား မုန့်လုပ်နည်း သင်တန်းတက်ရခြင်းဖြင့် မိမိတို့မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ရည်ရွယ်လျက် သင်တန်းနည်းပြဆရာတစ်ဦးဖြင့် သင်ကြားပေးရာ မုန့်လုပ်နည်းတွင် စမူဆာ ပြုလုပ်နည်း အဆင့်ဆင့်ကိုလည်းကောင်း၊ ပေါက်စီပြုလုပ်နည်း အဆင့်ဆင့်များကိုလည်းကောင်း သင်ကြားပေးပြီး လက်တွေ့ဆောင်ရွက်စေကာ သင်တန်းနည်းပြက လိုအပ်သည်များ ဖြည့်ဆည်းသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မုန့်လုပ်နည်းသင်တန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသူ၊ သင်တန်းများတက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)