ကချင်ပြည်နယ်

တနိုင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်၊ တနိုင်းမြို့၌ စာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်‌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ‌ စတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈)ရက်နေ့အထိ ဘာသာရပ်အလိုက်ကျင်းပ စစ်‌ဆေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း စာစစ်ဌာန (၃) ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသူ/ ကျောင်းသားများက ယနေ့ နံနက် ၉ နာရီချိန်တွင် စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ချီဖွေမြို့နယ်၌ မတ်(၈) ရက်နေ့တွင် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မံစီမြို့နယ်၌ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမည်စားရင်းပေးသွင်းထားသည့် စာရင်း၏ ၈၆ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆို

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြရာ မြို့နယ်အတွင်း ဖြေဆိုရန်စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ အားလုံး၏ ၈၆ ဒဿမ ၈၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာစတင်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ပထမနေ့)ကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေ ဆိုခဲ့ကြပြီး ဝင်ရောက်ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆို

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူကျောင်းသားများ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ (မြန်မာစာဘာသာရပ်) ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်