ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲပြုလုပ်

ဗန်းမော် မတ် ၇

ဗန်းမော်မြို့ သမိုင်းဝင်ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက အဆိုပါ စေတီတော်မြတ်မုခ်ဦးအဝင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး အမှတ်(၈၈) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မမှူးဗိုလ်မှူးချုပ်မင်းထွဋ်ဦး၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်မှ ဒုတိယ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရဲနိုင်ဦး၊ ခရိုင်သာသနာရေးမှူး ဦးထွန်းလင်းတို့က ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မင်္ဂလာစည်တော်ယွမ်းခြင်း၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဧည့်သည်တော် များအား  အခမ်းအနားကျင်းပမည့် ဓမ္မာရုံကြီးသို့ ပင့်ဆောင်ကြိုဆိုသွားခြင်း၊ ရတနာသုံးပါး ကန်တော့၍ ပွဲတော်ကြီး အန္တရာယ်ကင်းရှင်းစေရန် သြဝါဒါစရိယဆရာတော်ကြီးများထံမှ ပရိတ်တရားတော် နာယူမှတ်သားခြင်း၊ သြဝါဒခံယူခြင်း၊ လှူဖွယ်ပစ္စည်းဆက်ကပ်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဘုရားပွဲတော်ကို နွေဦးဇာတ်သဘင်အပါအဝင် စျေးဆိုင်တန်းများဖြင့် မတ် ၇ ရက်မှ  ၁၇ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ည(၉)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်