ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၁၃၈၄ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ပေး၊ ဒေသခံပြည်သူအများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ
မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံနှင့်တစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။