ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဆောင်ရွက်နေမှုများနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မွေးမြူရေးနှင့် အသုံးချသုတေသနသရုပ်ပြခြံ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေး
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင် ဖြစ်ထွန်းလာစေရေး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ခြံစိုက်တောင်သူများအား တွေ့ဆုံအားပေးဆောင် ရွက်လျက်ရှိရာ မေ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန် ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။