ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် မေ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗန်းမော် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ကဏ္ဍများထဲက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ခင်မိမိမြတ်က  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စတင်ကျင်းပခဲ့သည့် ခုနှစ်နှင့် နေ့ရက်များအကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်နှင့် ရည်ရွယ်ချက်၊ ကမ္ဘာ့အဆင့်အခမ်းအနားကို ကျင်းပမည့်  အိမ်ရှင် နိုင်ငံအကြောင်း၊ မြန်မာနိုင်ငံမှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စတင်ကျင်းပခဲ့သည့် ခုနှစ်နှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် လှုပ်ရှားမှုများအကြောင်းတို့နှင့် ပတ်သက်၍   မေးမြန်းဆွေးနွေးခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်လင်းစိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အကျယ်တဝင့်ဆွေးနွေးဖြေကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက သဘာဝနှင့် ရေရှည်တည်တံ့စွာ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်ဖို့ဆိုရင် ပလတ်စတစ်အသုံးပြုမှုကို လျော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုလို့ရမယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ် ခြင်း၊ ရေအရင်းအမြစ်တွေကို မပျက်စီးအောင် ထိန်းသိမ်းခြင်း၊ လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှုလျော့ နည်းစေရေး အမှိုက်စွန့်ပစ်မှုလျော့ချခြင်းနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ဖန်တီး ခြင်း၊ သစ်ပင်ပန်းမန်များနှင့် စားသုံးသီးနှံများကို နည်းစနစ်တကျစိုက်ပျိုးခြင်းစသည်တို့ကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ခရိုင်ပြန်/ဆက်