ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ အခြေခံနှင့်မွမ်းမံစက်ချုပ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်းကို မိုးကောင်းမြို့နယ် နန့်လှိုင်စံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ထင်ပေါ်ကျော်ကြား သောခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွာများနှစ်စဉ်များပြားစွာ လာရောက် လည်ပတ်လျက်ရှိ သောဒေသတစ်ခုဖြစ်ရာ ယခုနှစ်ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဩဂုတ်(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် မဂျော့ဝါကျေးရွာရှိ ဟိုတယ် (မဂျော့ဝါ)ခန်းမ၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၃ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲ အခမ်းအနားကို ဩဂုတ်(၁)ရက်နေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြု‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်