ကချင်ပြည်နယ်

ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလားအခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့ရှိ  သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် (စွန့်ဦးတီထွင်) လုပ်ငန်း

နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများ ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းခွင့်ရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာများ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ သန့်ရှင်းသပ်ရပ်သော မြို့ပြများပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံနှင့် ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများလှိုင်လှိုင်ထွက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများ လှိုင်လှိုင်ထွက်ရှိပြီဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကောက်ယူရောင်းချသူများရှိကြောင်း သိရသည်။

မိုးမောက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလက(ခွဲ)အောင်မြေကျောင်းခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့ အ.လ.က(၁)တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅) မျိုးရှိသည့်အနက် ကချင်တိုင်းရင်းသား လူမျိုးစုများသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ကချင်တိုင်းရင်းသား လူမျိုးတွင် မျိုးနွယ်စု (၆)စုရှိသည်။ ယင်းမျိုးနွယ်စုများမှာ ဂျိမ်းဖော၊ ဇိုင်ဝါး၊ လာချိတ်၊ လီဆူ၊ ရဝမ်နှင့် မရူတို့ ဖြစ်ပါသည်။ ထို့အပြင် ကချင်လူမျိုးစု (၆)စုနှင့်အတူ ဗမာ၊ ရှမ်းလူမျိုးစုနှင့် အခြားသော လူမျိုးစုများ လည်း နေထိုင်ကြလျက်ရှိသည်။

မြစ်ကြီးနားမြို့၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက် သို့ မီးကူးစက်လောင်ကျွမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ (၁၀) အိမ်အမှတ် (၃၆၄) တွင် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ သွယ်တန်းထားသော ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းမှု ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရ သည်။
Subscribe to ကချင်ပြည်နယ်