မြစ်ကြီးနားမြို့၌ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက် သို့ မီးကူးစက်လောင်ကျွမ်း

မြစ်ကြီးနား အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ (၁၀) အိမ်အမှတ် (၃၆၄) တွင် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ သွယ်တန်းထားသော ဝါယာကြိုးများ လောင်ကျွမ်းပြီး မျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းမှု ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရ သည်။

မီးလောင်မှုကြောင့် မြေစိုက်၊ ထရံကာ၊ သွပ်မိုး၊ (၂၀ ပေ ၃၆ ပေ) ရှိ လူနေအိမ်၏ မျက်နှာကျက် အနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းညွန့် ဦးဆောင်၍ သန္ဓေ (၂၀) ဦး၊ အရန်(၅)ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)