ကချင်ပြည်နယ်

မိုးညှင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က စုပေါင်းရုံးရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးလုပ်ငန်းစီမံကိန်း သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဗန်းမော်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့၊ ပြည်နယ်အတွင်းရှိ မြို့များအား သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ သို့ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်များအား မြစ်ကြီးနားမြို့ ပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းရုံး၌ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက အဆိုပါအဖွဲ့များ လေ့ကျင့်နေမှုကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်၊ မန်ခိန်ရပ်ကွက် မေခဝန်ထမ်းအိမ်ရာအနီး  သက်သာစျေး ရောင်းချပေးနေမှု ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် အလှပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် မြို့သစ်ကြီးရပ်ကွက်အတွင်း  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အထက် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်နှင့်လျော်ညီသည့် ခေတ်မီ မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ မူလမြို့တော်ခန်းမဟောင်း မြေနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းနှင့် ဒေသခံတောင်သူများမှ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နိုင်ငံ့ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးနှင့် အလုပ်တာဝန်များကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခွဲက ပြည်နယ် ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖားကန့်မြို့နယ် သံဃနာယကအဖွဲ့မှ (၂၅) ကြိမ်မြောက် ဝိနယာနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၂၅)ကြိမ် မြောက် ဝိနယာနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၉)နာရီက ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ မဏိဇေယျုံကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင်ချက်မြှင့်မားရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးအတွက် မြို့နယ်ကော်မတီဝင်များနှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က(ခွဲ) (နန်ခမ်)ကျောင်းနှင့် အ.ထ.က(ထရန်ဒမ်း) ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်