မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့သည်။