ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး ဟိုပင်မြို့တွင် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဟိုပင် မေ ၂၄

ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် ဟိုပင်မြို့အတွင်း မြို့မိ၊မြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တောင်သူဦးကြီးများ၊ ကျေးရွာပြည်သူများနှင့် တတိယအကြိမ် လွှတ်‌တော် ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲကို မေ ၂၃ ရက်နံနက် ၁၀ နာရီက ဟိုပင်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးက အမှာစကားပြောကြားပြီး မိုးညှင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြည်သူ့လွှတ်တော်အတွေ့အကြုံကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ အမှတ်(၃)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းထွန်းက အမျိုးသားလွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထက်အောင်က ပြည်နယ်လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဟိုပင်မြို့ မြို့မိမြို့ဖဦးတင်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသော တောင်သူဦးကြီးများက ဆွေးဆွေးတင်ပြလိုသည့်များကို တင်ပြခဲ့ကြခြင်းနှင့် တာဝန်ရှိသူများက  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)