ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး လေပြင်းဘေးသင့် ရှမ်းမျိုးနွယ်စုယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     မေ ၂

ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပညာရေးဝန်ထမ်းများ တို့မှ အဆင့်အသီးသီးတွင် တက်ကြွစွာလက်တွဲ‌ဆောင်ရွက်ကြစေရန်နှင့် အထူးသဖြင့် ကျောင်းအဆင့်တွင် ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသားလူငယ်တို့ ကိုယ်တိုင်ဆောင်ရွက်ကြပြီး ၎င်းတို့မှတဆင့် မိဘ ပြည်သူများ  တက်ကြွစွာပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပသော ကျောင်း ကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၂ ရက် နံနက် ၉နာရီက ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ဦးစွာ ပြည်နယ်ဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် လူတိုင်းလွှမ်းခြုံ လက်လှမ်းမီသည့် ကျန်းမာရေးစနစ် (Universal Health Coverage ) ကို အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်များသာမက ဆရာ၊ဆရာမများနှင့် ပညာ‌ရေးဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံလက်လှမ်းမီစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပညာသင်ကြားလျက်ရှိသောကျောင်းသားလူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဘဲ အသိပညာဖွံ့ဖြိုးတိုးတက်လာ‌စေရန် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးနှင့် လာမည့်စာသင်နှစ်တွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ်များအတွက် ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုး ဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ အောင်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျောင်းကျန်းမာရေး လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ သွယ်သွယ်စိမ်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကော်မတီဝင်များက  ကျောင်းကျန်းမာ‌ရေးလုပ်ငန်းများ နှင့်စပ်လျဥ်း၍ ဖြည့်စွက်တင်ပြဆွေးနွေးခဲ့ရာ ဆွေး‌နွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်‌အောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေ‌ဆောင်များ ပျက်စီးသွားသော ‌‌ရွှေပြည်သာရပ်ကွက် ရှမ်းမျိုးနွယ်စုများယာယီတိုက်ပွဲရှောင် စခန်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားကာ အမိုးအကာများ ပျက်စီးဆုံးရှုံးသွားသော လူနေဆောင် အလုံး (၂၀) ပြန်လည်ပြုပြင် တည်‌ဆောက်နိုင်ရေး မိုးကာလိပ် (၂၇) လိပ်နှင့် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို‌ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လိုအပ်သော ဝါး၊ ကြေးနန်းကြိုးနှင့် သယ်ယူပို့ဆောင်စရိတ်များကို တစ်ပါတည်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးသွားသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ၏ လူနေဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 

ပြည်နယ်ပြန်/ဆက်