နောင်မွန်းမြို့နယ်၌ တောင်ကမ်းပါးယံပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာရေး အခက်အခဲကြုံတွေ့နေရ

နောင်မွန်း မေ ၂၄

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-‌‌နောင်မွန်းကားလမ်းမ‌ပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နောင်မွန်းမြို့နယ်တွင် မေလ ၂၃ ရက်နံနက် (၉) နာရီတိုင်းထွာချက်အရ မိုးရေချိန်လက်မ (၁၂.၅၄) လက်မရှိခဲ့ပြီး အဆိုပါမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ် ကွမ်လင်းကျေးရွာနှင့် ကဆန်ဒမ်းကျေးရွာကြား ကီလိုမီတာ ၈၁ နှင့် ၈၂ ကြားတွင် အရှည် (၅၀) ပေ အမြင့် (၃) ပေခန့်‌ကားလမ်း‌ပေါ်တောင်ကမ်းပါးယံပြိုကျ၍ မြေသားပိတ်ဆို့မှုကြောင့် လူနှင့်ဆိုင်ကယ်များသာ‌ရှောင်ကွင်းလမ်းမှ ဖြတ်သန်းသွားလားရပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာ‌ရေး ရပ်တန့်မှု ဖြစ်ပေါ်ခဲ့သည်။

ထိုသို့လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ ဦးဆောင်ကြပ်မတ်မှုဖြင့် မြို့နယ်လမ်းဦးစီးဌာနမှဝန်ထမ်းများက ယာဉ်ကြီးယာဉ်ငယ်များ အဆင်‌ပြေချောမွေ့စွာ ဖြတ်သန်းသွာလာနိုင်ရေးအတွက် အဆိုပါကားလမ်း‌မပေါ်ရှိ‌ မြေသားများကို လူအင်အား၊ စက်ယန္တရားများဖြင့် အချိန်နှင့်တစ်ပြေညီ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)