ကျည်တောင်ရေဘေးရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်

ဇေယျာသီရိ ဩဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျည်တောင်ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဆုဝေ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ဆေးကုသရေးအဖွဲ့တို့ပူးပေါင်းပြီး ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ‌ ဆောင်ရွက်ခြင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်‌သောရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေတွင်းရေကန်များအား ကလိုရင်းခပ်ခြင်း၊ အဘိတ်ခပ်ခြင်း၊ ဆေးဖြန်းခြင်း၊ သောက်သုံးရေများအား Water tablet ထည့်ခြင်း၊ ရေဘေးသင့် မိသားစုဝင်များအား ဆေးစိမ်ခြင်ထောင်များ၊ လက်သန့်ဆေးရည်များ၊ ယင်လုံအိမ်သာခွက်နှင့် ဆက်စပ်ပစ္စည်းဖြန့်ဝေခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)