တပ်ကုန်းမြို့နယ် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအတွင်းရေဝင်ရောက်မှု၊ မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေပေးအပ်၊ တပ်ကုန်း-ဥတ္တရသီရိလမ်း မိုင်တိုင် ၁၆ အနီး လမ်းတစ်ခြမ်းနိမ့်မှုကြည့်ရှု

တပ်ကုန်း ဩဂုတ် ၃၀

နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းက နဝင်းချောင်းရေလျှံမှုကြောင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရွက်လျက်ရှိသည့် ညောင်ပင်သာကျေးရွာ၊ ဝိုင်းခြံများအတွင်းချောင်းရေဝင်ရောက်မှု၊ နုန်းတင်ကျန်ရစ်မှု၊ ရွာတွင်းလမ်းပျက်စီးမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့်များ သက် ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှအကောင်ထည်ဖော်ဆောင်ရွက်ထားသည့် မကျီးပင်ကျေးရွာနှင့်ချောင်းခွကျေးရွာချင်းဆက်နဝင်းချောင်းကူး“ချောင်းခွ”တံတားအောက်ခြေတိုင်များ ဒိုက်အမှိုက်တင်ကျန်မှုများနှင့် ချောင်းရေလျောနည်းလာမှုများကြည့်ရှုစစ်ဆေးပြီးနောက် ချောင်းရေဝင်ရောက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေသည့် မြိုန့ယ်မီးသတ်ဦးစီး ဌာနမှ ဦးစီးအရာရှိနှင့်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်-ဥတ္တရသီရိမြို့ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်း မိုင်တိုင် ၁၆ အနီး၊ ရေထုတ်ပြွန်မြေနေရာ၌ ကွန်ကရစ်ပြိုကျတစ်ခြမ်းပျက်စီးမှုအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ယာယီပြုပြင်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်များသည့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

တင်စိုးလွင်